Post: Central Bank Instruction about NRC

အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့်
ကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများသို့
📢 သတိပေးနှိုးဆော်ချက်
  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့် တူသည်။
  • မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏တာဝန်ဖြစ်သည်။
  • နိုင်ငံသားစိစစ်ရေးကတ်အတုများသည် သင့်အား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်၊ သတိထားပါ။
  • စစ်မှန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့်သာ နိုင်ငံသားအဖြစ် ဂုဏ်ယူပါ။
  • နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေပါသည်။
  • နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည်။
🙋‍♂️ သိရှိလိုက်နာဆောင်ရွက်ရန် သတိပေးချက်
  • မိမိ၏နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်ထံ မပေးပါနှင့်။
  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူကူးယူ၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြုပါနှင့်။
  • နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း မပြုပါနှင့်။