SME-Development Bank ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပခြင်း…
အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး (𝐀𝐧𝐧𝐮𝐚𝐥 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐞𝐞𝐭𝐢𝐧𝐠) ကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၂) ရက် ၊ သောကြာနေ့တွင် SME-Development Bank (ရုံးချုပ်) တွင် 𝐕𝐢𝐫𝐭𝐮𝐚𝐥 𝐌𝐞𝐞𝐭𝐢𝐧𝐠 (𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞) ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ 𝐀𝐧𝐧𝐮𝐚𝐥 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐞𝐞𝐭𝐢𝐧𝐠 သို့ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေး ဘဏ်၏ ဥက္ကဌ သီရိသုဓမ္မသိင်္ဂီဒေါ်စန်းစန်းရီ နှင့် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်များ ၊ စီမံခန့်ခွဲမှု ကော်မတီ ဝင်များ ၊ SME-Development Bank ၏ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သဘာပတိမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး SME-Development Bank ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ဇင်မာကြင် မှ ဒါရိုက် တာအဖွဲ့၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်း တမ်းများကို ဖတ်ကြားရှင်းလင်း၍ အတည်ပြုချက်အားရယူဆောင်ရွက်ခဲ့ပါသည်။ ဒါရိုက်တာ အဖွဲ့၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်း စာရင်းစစ်အစီရင်ခံစာကို ပြင်ပစာရင်းစစ်ဖြစ်သည့် 𝐉𝐅 𝐆𝐫𝐨𝐮𝐩 (𝐉𝐮𝐬𝐭𝐢𝐜 & 𝐅𝐚𝐢𝐫) မှ ဖတ်ကြားရှင်းလင်း၍ အတည်ပြုချက်အားရယူဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဒါရိုက်တာအဖွဲ့ဝင်သစ်များ၏အမည်စာရင်းကြေညာခြင်း ၊ သီးခြားလွတ်လပ်သော ဒါရိုက်တာအမည်စာရင်းကြေညာခြင်း ၊ ပြင်ပစာရင်းစစ်အဖွဲ့အားရွေးချယ်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားအား အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေး ဘဏ်၏ ဉက္ကဌ သီရိသုဓမ္မသိင်္ဂီဒေါ်စန်းစန်းရီ မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနား အား အောင်မြင်စွာကျင်းပခဲ့ပါသည်။