“SME-Development Bank နှင့် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း 𝐌𝐖𝐄𝐀 တို့ နားလည်မှုစာချွန်လွှာ 𝐌𝐎𝐔 လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပခြင်း”

SME-Development Bank နှင့် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း 𝐌𝐖𝐄𝐀 တို့အကြား နှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်ရေး နှစ်ဦး
သဘောတူ နားလည်မှုစာချွန်လွှာ 𝐌𝐎𝐔 လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ( ၂၇.၁.၂၀၂၄ ) ရက် စနေနေ့ တွင် 𝐌𝐖𝐄𝐀 𝐎𝐟𝐟𝐢𝐜𝐞 ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ SME-Development Bank ၏ ဥက္ကဌ သီရိသုဓမ္မသိင်္ဂီဒေါ်စန်းစန်းရီ နှင့် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ ဥက္ကဌ ဒေါ်ကြွေကြွေဇင် တို့မှ 𝐌𝐎𝐔 လက်မှတ်ကို အောင်မြင်စွာရေးထိုးခဲ့ကြပါသည်။

အခမ်းအနားသို့ SME-Development Bank မှ BOD အဖွဲ့ဝင်လူကြီးမင်းများ ၊ ဘဏ်၏တာဝန်ရှိပုဂ္ဂိုလ်များ နှင့် MWEA မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး SME-Development Bank နှင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬’ 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧- 𝐌𝐖𝐄𝐀 တို့ နှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပြီး အခမ်း အနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည့် ပုံရိပ်များအား ပြန်လည်မျှဝေပေးလိုက်ပါတယ်။